Movies

Filter By
12th Fail (2023) မြန်မာစာတန်းထိုး

12th Fail (2023) မြန်မာစာတန်းထိုး

2023 · India

⁣12th Fail (2023) “ရိုးဂုဏ်”


IMDb – 9.2/10 2009ခုနှစ်က ထုတ်ဝေခဲ့တဲ့ ရဲအရာရှိ မာနို့ဂျ်ကူမားရှာရ်မာနဲ့ အခွန်အရာရှိ ရှရတ်ဒါးဂျိုရှီ ရှာမာတို့အကြောင်း ဖြစ်ရပ်မှန်၀တ္ထုကို
အခြေခံပြီး ရုပ်ရှင်အနေနဲ့ ပြန်လည်ရိုက်ကူးတင်ဆက်ထားတာပါ။ဘတ်ဂျတ်ငွေရဲ့ သုံးဆကျော် ပြန်လည်ရရှိခဲ့တဲ့ ရုပ်ရှင်ကားလည်းဖြစ်ပါတယ်။
Pause



Haseen Dillruba(2021)မှာ ချစ်ရတဲ့ဇနီးသည်အတွက် လက်တစ်ဖက်ကိုစတေးခဲ့တဲ့ ချစ်တတ်လွန်းသူကြီးအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသား ဗစ်ခရန့်မတ်ဆီက ရဲအရာရှိ မာနို့ဂျ်အဖြစ်ပါဝင်ထားပါတယ်။ ချမ်ဘာလ်ဆိုတဲ့ မြစ်လက်တက်လေးရဲ့ဘေးက ဘီလာဂွန်လို့ခေါ်တဲ့ ဇနပုဒ်ငယ်လေးမှာနေတဲ့ မိသားစုလေးတစ်ခု။ အဲဒီမိသားစုရဲ့ အိမ်ထောင်ဦးစီးဖြစ်သူက အလုပ်မှာ သူ့ရဲ့ရိုးသားတဲ့စိတ် မဟုတ်မခံစိတ်ကြောင့် တာဝန်ကရပ်ဆိုင်းခံရပါတယ်။ အဲဒါကို မကျေနပ်တာကြောင့် လာဘ်ပေးလာဘ်ယူမှုကိုတိုက်ဖျက်ဖို့ အကျင့်ပျက်ချစားမှုကို တိုက်ဖျက်ဖို့ အထက်တရားရုံးတက်မယ်ဆိုပြီး မြို့တက်သွားပါတော့တယ်။ ရဲအရာရှိမာနို့ဂျ်ဖြစ်လာမဲ့သူကတော့ သူတို့အိမ်က သားလတ်။
၁၂တန်းစာမေးပွဲအောင်ရင် ရုံးဝန်ထမ်းလေးလုပ်မယ်ပေါ့။ စာမေးပွဲမှာ ခိုးချဖို့အရေး အများကြီးကြိုးစားခဲ့ရပြီးမှ အသစ်ပြောင်းလာတဲ့ ဒုရဲအုပ်ကြီးရောက်လာလို့ ခဲလေသမျှ သဲရေကျပြီး အစ်ကိုဖြစ်သူနဲ့ ထော်လာဂျီမောင်းစားရပါတော့တယ်။ထော်လာဂျီလေးမောင်းလို့ အဆင်ပြေမယ်လုပ်မှ ခရိုနီတွေကြောင့် ဒုက္ခရောက်ရချိန်မှာ ရိုးသားတဲ့ဒုရဲအုပ်ကြီးရဲ့ ကျေးဇူးနဲ့ အချုပ်ထဲကလွတ်လာတော့ အရင်က ရိုးသားမှုဆိုတာ ဘာတန်ဖိုးမှမရှိဘူးဆိုတဲ့ စိတ်ကနေ ရိုးသားမှုနဲ့ အာဏာပေါင်းလိုက်ရင်တော့ ပြောင်းလဲမှုတွေ ဖန်တီးနိုင်တယ်ဆိုတဲ့ အတွေးဝင်ခဲ့ပါတယ်။
ဒီကနေပဲ ရဲအရာရှိတစ်ယောက်ဖြစ်ဖို့ ကြိုးစားရင်း ကြုံတွေ့ရတဲ့ ဒုက္ခအဖုံဖုံကိုရိုက်ကူးပုံဖော်ထားတာမို့ ဘောလိ၀ုဒ်ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်။
(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့
ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်

9
ပလေယာ.  ဇာတ်ကား

ပလေယာ. ဇာတ်ကား

2020 · Myanmar

ပလေယာ(ရုပ်ရှင်ဇာတ်ကားကြီး)

ဒါရိုက်တာ ပြည်ဟိန်းသီဟ
မြင့်မြတ်၊ထွန်းထွန်း၊ခင်လှိုင်၊အိချောပို၊စိုးမြတ်သူဇာ
. . . . . . . . . . . . . . .
ရုပ်ရှင်ကားကောင်းများနှင့် သီချင်းကောင်းတွေကို အစဥ◌်မပြတ်တင်ပေးသွားမှာဖြစ်လို့ Bo Bo Entertainment Youtube Channel ကို Subscribe လုပ်ထားကြပါဦးနော်။
Bo Bo Entertainment Youtube Channel Link -
https://www.youtube.com/channe....l/UCWZzuQbRIeAKM9Nx-
(သတိပေးတားမြစ်ချက် )
Bo Bo Entertainment Youtube Channel တွင် တင်ဆက်ပြသနေသော ရုပ်ရှင်/ဗီဒီယိုများအား တစ်ကားလုံး ဖြစ်စေ တစ်စိတ်တစ်ဒေသကို ဖြစ်စေ ကူးယူခြင်း၊ Youtube,Facebook အစရှိသော social media များပေါ်တွင် ပြသခြင်း ရောင်းချဖြန့်ဖြူးခြင်း၊ အကျိုးစီးပွါး ပျက်ဆီးအောင် ပြုလုပ်ခြင်းများကို လေးနက်စွာ တားမြစ်ပါသည်။
#boboentertainment #bobomusicproduction #bobofilmproduction

8